Breaking News

လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း

ကချင်ပြည်နယ်မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရစက်မှုလက်မှုသိပ္ပံမိုးညှင်းတို့ပူးပေါင်းကာကျောင်းသား/သူများဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီးလူငယ်စကားဝိုင်းဆွေနွေးပွဲကိုဖေဖော်ဝါရီလ၉ရက်နေ့လည်ပိုင်းကဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပခဲ့ပါသည်။ပထမဦးစွာဆွေးနွေးပွဲတွင်ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်မှအဖွင့်အမှာစကားပြောကြားခဲ့ပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်အေးကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိဒေါ်တိုးတိုးမေကဦးဆောင်မိတ်ဆက်ဆွေးနွေးသူအဖြစ်စတင်ဆောင်ရွက်ပြီးမောင်မျိုးသန့်(2GC)ကလူငယ်နှင့်စာပေ၊မမီမီစန်း(3GIT)ကလူငယ်နှင့်အင်တာနက်၊မောင်ခိုင်မြဲအောင်(1GEC)လူငယ်နှင့်အဂတိလိုက်စားမှု၊မမိုးပွင့်ဖြူ(2GMP)ကလူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်နှင့်မောင်ဂျေညီညီ(1GEP)ကလူငယ်နှင့်ကိုယ်ကျင့်တရားစသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသောကျောင်းသား/သူများကလည်းသိရှိလိုတာများကိုပူပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါသည်။

၂၀၂၂-၂၀၂၃ပညာသင်နှစ်A.G.T.I(ပထမနှစ်)ဒုတိယနှစ်ဝက်သင်တန်း၊ A.G.T.I(ဒုတိယနှစ်)ဒုတိယနှစ်ဝက်သင်တန်းနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ် A.G.T.I(ဒုတိယနှစ်) ပထမနှစ်ဝက်သင်တန်းများအတွက် စာမေးပွဲအချိန်ဇယားထုတ်ပြန် ကြေညာခြင်း

လူငယ်စကားဝိုင်းကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်လူငယ်စကားဝိုင်းဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့ ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှ မြန်မာစာဆရာမဒေါ်အနန်းခေါန်နှင့် မေဂျာ(၅)မေဂျာမှ ကျောင်းသား (၅)ဦးတို့သည် လူငယ်စကားဝိုင်းနှင့် သက်ဆိုင်သည့် “လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဓိက ကဏ္ဍ(၁၆)ရပ်”တွင် မိမိတို့နှစ်သက်ရာခေါင်းစဉ်(၅)ခုကိုရွေးချယ်ပြီး ဆွေးနွေးခဲ့ကြပါသည်။အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း စာပေဌာနမှူး ဒေါ်သင်းသင်းဌေး အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်မှအဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှူးဒေါ်သင်းသင်းဌေးမှCPU Toolkit ၏လုပ်ဆောင်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ သုတနည်းပညာဌာနမှ ဦးဝင်းမင်းဦးကGTI(Mohnyin)နှင့် CPU Toolkit တို့ဆက်စပ်လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊...

ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် SOPများအားရှင်းလင်းပြောကြားခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၊ ၁၅.၉.၂၀၂၃ရက်၁း၀၀နာရီအချိန်တွင် ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် ဝင်ခွင့်ရွေးချယ်ခြင်းနှင့်ကျောင်းပြောင်းရွေ့ခြင်းကိုကျောင်းသားရေးရာဌာနမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဆောင်ဝင်ခွင့်ရွေးချယ်ရေးသတ်မှတ်ချက်များ၊အဆောင်စည်းကမ်းချက်များ၊ကျောင်းစည်းကမ်းများ၊စာမေးပွဲစနစ်နှင့်စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ၊Industrial Training ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊BE,B-Tech ပေါင်းကူးစနစ်အားရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ လာရောက်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးတို့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ ၁၄.၉.၂၀၂၃တွင် ရောက်ရှိပြီးကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု၊အင်္ဂလိပ်စာစွမ်းရည်သင်ကြားနေမှုနှင့် လက်တွေ့စွမ်းရည်ပြသထားသည့် projectများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

မိုးရာသီအားကစားပြိုင်ပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅.၈.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပါဝင်သောအားကစားအမျိုးအစားများမှာ စားပွဲတင်တင်းနစ်၊ပိုက်ကျော်ခြင်း၊ဖူဆယ်ဘောလုံးတို့ဖြစ်ပါသည်။ အားကစားပြိုင်ပွဲများကို ၅.၈.၂၀၂၃နေ့မှ ၁၁.၈.၂၀၂၃နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဖူဆယ်ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၁.၈.၂၀၂၃ နေ့တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၄.၈.၂၀၂၃(ဝါဆိုလပြည့်ကျော်၃ရက်) သောကြာနေ့ နံနက်၀၉:၀၀နာရီတွင် သုံးထပ်ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဓမ္မဥယျာဉ်ကျောင်းတိုက်မှ ဆရာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့်အရာထမ်းများ၊အမှုထမ်းများ၊ကျောင်းသူ/သားများတက်ရောက်ကြည်ညိုကြပါသည်။ ယင်းနောက်ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများမှဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့်...

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်စာပေဟောပြောပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် ၂၈.၇.၂၀၂၃(သောကြာနေ့) ၌ စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ဤ‌ဟောပြောပွဲသို့ မိုးညှင်းမြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဌ ဆရာသီဟလှိုင်(မြရည်နန္ဒာ)နှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူများအားလုံးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကိုနံနက် ၉နာရီမှစတင်ခဲ့ပြီး အခမ်းအနားအစီအစဉ်(၁)အရ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၂)အရ စာရေးဆရာအကြီးကိုကိုမှ "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် စာပေဟောပြော ခဲ့ပါသည်။ ဤသို့ဟောပြောရာတွင် လူငယ်များအတွက်အချိန်နှင့်ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြဖို့နဲ့ပူပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့ အဓိကထားပြီးဟောပြောခဲ့ပါသည်။ဆရာအကြီးကိုကိုမှ...

လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနားလည်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၅ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းခန်းမ၌ ကျင်းပသည်။ ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က အဖွင့်အမှာစကားနှင့်ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူးက လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်းစေမှု၊...