အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင်...