Breaking News

လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း

ကချင်ပြည်နယ်မိုးညှင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အစိုးရစက်မှုလက်မှုသိပ္ပံမိုးညှင်းတို့ပူးပေါင်းကာကျောင်းသား/သူများဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီးလူငယ်စကားဝိုင်းဆွေနွေးပွဲကိုဖေဖော်ဝါရီလ၉ရက်နေ့လည်ပိုင်းကဘွဲ့နှင်းသဘင်ခန်းမမှာကျင်းပခဲ့ပါသည်။ပထမဦးစွာဆွေးနွေးပွဲတွင်ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်မှအဖွင့်အမှာစကားပြောကြားခဲ့ပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခရိုင်ဦးစီးမှူးဒေါ်နွယ်နွယ်အေးကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါသည်။ဆက်လက်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိဒေါ်တိုးတိုးမေကဦးဆောင်မိတ်ဆက်ဆွေးနွေးသူအဖြစ်စတင်ဆောင်ရွက်ပြီးမောင်မျိုးသန့်(2GC)ကလူငယ်နှင့်စာပေ၊မမီမီစန်း(3GIT)ကလူငယ်နှင့်အင်တာနက်၊မောင်ခိုင်မြဲအောင်(1GEC)လူငယ်နှင့်အဂတိလိုက်စားမှု၊မမိုးပွင့်ဖြူ(2GMP)ကလူငယ်နှင့်မျိုးချစ်စိတ်ဓာတ်ခေါင်းစဉ်နှင့်မောင်ဂျေညီညီ(1GEP)ကလူငယ်နှင့်ကိုယ်ကျင့်တရားစသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီးတက်ရောက်လာကြသောကျောင်းသား/သူများကလည်းသိရှိလိုတာများကိုပူပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါသည်။

လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနားလည်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၅ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းခန်းမ၌ ကျင်းပသည်။ ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က အဖွင့်အမှာစကားနှင့်ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူးက လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်းစေမှု၊...

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင်...

Civilဌာနမှမိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်Auto CAD သင်တန်းသွားရောက်သင်ကြား ပို့ချခြင်း

သင်တန်းဖွင့်ပွဲတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးသောင်း ထိုက်ကဝန်ထမ်းများလုပ်ငန်းခွင်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်ပိုမိုကျွမ်းကျင်မှုရှိပြီး အဆင်ပြေချောမွေ့စေရန်နှင့်စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍အဆိုပါသင်တန်း ဖွင့်လစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးအစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)မှမြို့ပြဌာနမှူးတွဲဖက် ပါမောက္ခဒေါ်ဥမ္မာသန်းကသင်တန်းတွင်သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ရှင်းလင်း တင်ပြပြီးနောက်သင်တန်းအားဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်းသိရပါသည်။အဆိုပါသင်တန်းကိုဖေဖော်ဝါရီလ(၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ(၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၄)ရက် နံနက်(၈း၀၀)မှ နေ့လည်(၁၂း၃၀)အထိ အားကစားနည်း(၇)မျိုးဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဆရာ/မများကို ကောက်ညှင်းပေါင်းနှင့် အကြော်တည်ခင်းကျွေးမွေးခဲ့ပါသည်။ အဆိုပါကျင်းပရာတွင် ကျောင်းသား/သူများအားကာယ ဉာဏစွမ်းအား ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/မများ၏ ဦးဆောင်မှုဖြင့် ပူစီပေါင်းထိုင်ကွဲပြေး၊...

အခြေခံ Networkingသင်တန်း

အခြေခံNetworkingသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း)၊ သုတနည်းပညာဌာနတွင် (၁၀.၁၂.၂၀၂၂ မှ ၃၁.၁၂.၂၀၂၂)ထိ (၄၂)နာရီကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။အဆိုပါသင်တန်းတွင် (၁) How to implement Cat-6 cable using crimping tool (၂) IP Addressing and Subnetting (၃) Router...

အဲကွန်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်း

အဲကွန်းပြုပြင်ထိန်းသိမ်းခြင်းကာလတိုသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း) တွင် စက်မှုအင်ဂျင်နီယာဌာနမှ ဆရာ၊ဆရာမများက (၃-၁၂-၂၀၂၂ မှ ၃၁-၁၂-၂၀၂၂)ထိနာရီပေါင်း(၃၆) နာရီဖြင့် သင်တန်းသား ၁၂ဦးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းသားများအနေဖြင့် မိမိတို့အိမ်နှင့်လုပ်ငန်းခွင်များတွင် အသုံးပြုလျက်ရှိသော အဲကွန်းများကိုမိမိတို့ကိုယ်တိုင် တပ်ဆင်နိုင်ပြီး ပြုပြင်ထိန်းသိမ်းတတ်သွားမည်ဖြစ်ပါသည်။

တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းကာလတိုသင်တန်း

တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းကာလတိုသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း) ၊စက်မှုအင်ဂျင်နီယာဌာနတွင် (၁၅-၉-၂၀၂၂ မှ ၂၈-၉-၂၀၂၂)ထိ နာရီပေါင်း (၅၆) နာရီဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ကျောင်းသား/သူများအနေဖြင့်မိမိတို့လုပ်ငန်းခွင်များတွင် အသုံးပြုလျက်ရှိသောတစ်လုံးထိုးဒီဇယ်စက်များကိုမိမိတို့ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းတတ်စေရန် နှင့် ငွေကုန်ကျေးကျပါသက်သာစေရန် အတွက်ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

Electrical Labပြုလုပ်ခြင်း

အစိုးရနည်းပညာကောလိပ်(မိုးညှင်း) ၂၀၁၉-၂၀၂၀ ပညာသင်နှစ် A.G.T.I (ဒုတိယနှစ်) အီလက်ထရောနစ်အင်ဂျင်နီယာ ဌာနမှ ကျောင်းသား၊ ကျောင်းသူများ၏ EcE-22026 Electrical laboratory ဘာသာရပ်အတွက် လက်တွေ့လုပ်ဆောင်မှုဖြစ်ပါသည်။ လက်တွေ့ပြုလုပ်ရာတွင် ကွန်ပျူတာကိုအသုံးပြု၍ Proteus software ဖြင့် motor များကိုလည်ပတ်စေပြီး မိမိအသုံးပြုလိုသောပစ္စည်းများကိုစမ်းသပ်အောင်မြင်စေပါသည်။ AC motor နှင့်...