Breaking News

လူငယ်စကားဝိုင်းကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်လူငယ်စကားဝိုင်းဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့ ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှ မြန်မာစာဆရာမဒေါ်အနန်းခေါန်နှင့် မေဂျာ(၅)မေဂျာမှ ကျောင်းသား (၅)ဦးတို့သည် လူငယ်စကားဝိုင်းနှင့် သက်ဆိုင်သည့် “လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဓိက ကဏ္ဍ(၁၆)ရပ်”တွင် မိမိတို့နှစ်သက်ရာခေါင်းစဉ်(၅)ခုကိုရွေးချယ်ပြီး ဆွေးနွေးခဲ့ကြပါသည်။အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း စာပေဌာနမှူး ဒေါ်သင်းသင်းဌေး အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်မှအဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှူးဒေါ်သင်းသင်းဌေးမှCPU Toolkit ၏လုပ်ဆောင်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ သုတနည်းပညာဌာနမှ ဦးဝင်းမင်းဦးကGTI(Mohnyin)နှင့် CPU Toolkit တို့ဆက်စပ်လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊...

ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် SOPများအားရှင်းလင်းပြောကြားခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၊ ၁၅.၉.၂၀၂၃ရက်၁း၀၀နာရီအချိန်တွင် ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် ဝင်ခွင့်ရွေးချယ်ခြင်းနှင့်ကျောင်းပြောင်းရွေ့ခြင်းကိုကျောင်းသားရေးရာဌာနမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဆောင်ဝင်ခွင့်ရွေးချယ်ရေးသတ်မှတ်ချက်များ၊အဆောင်စည်းကမ်းချက်များ၊ကျောင်းစည်းကမ်းများ၊စာမေးပွဲစနစ်နှင့်စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ၊Industrial Training ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊BE,B-Tech ပေါင်းကူးစနစ်အားရှင်းလင်းပြောကြားခဲ့ပါသည်။

၂၀၂၂ ခုနှစ် WORLD YOUTH SKILLS DAY (ASIA-PACIFIC)အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ကျွမ်းကျင်မှုဆိုင်ရာ Skills Competitionတွင်ပါဝင်ယှဉ်ပြိုင်ခြင်း

https://youtu.be/9Sdf1qCDRoY ၂၀၂၂ ခုနှစ် WORLD YOUTH SKILLS DAY (ASIA-PACIFIC) အထိမ်းအမှတ်အဖြစ် လူငယ်များ၏ ကျွမ်းကျင်မှုဆိုင်ရာ SKILLS COMPETITION ပြိုင်ပွဲတွင်  ၅-မိနစ်စာ Skills Video  ဖြင့်ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ပထမဆုရရှိခဲ့ပါသည်။

ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်၊ သဘာဝခေါင်းလျှော်ရည် နှင့် အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်း

ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်၊ သဘာဝခေါင်းလျှော်ရည်နှင့် အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်းကို (၁.၇.၂၀၂၁) မှ (၄.၇.၂၀၂၁) ရက်နေ့ထိ စာပေဌာနမှ ဆရာမများမှအစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီး ဌာန၊ ခရိုင်ထွေအုပ်မှဝန်ထမ်းများနှင့် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)ကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ကြီးမှအဖွင့်အမှာစကားပြောကြားခြင်း လုပ်ဆောင်မှုပုံရိပ်များ ဆပ်ပြာဆီပြုလုပ်နေကြပုံ