Breaking News

သုံးထပ်ပြားပေါ်တွင် Trunking နှင့် PVC ပိုက်များဖြင့် အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းမှုပြုလုပ်ခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာကောလိပ် (မိုးညှင်း) ရှိလျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် A.G.T.I ဒုတိယနှစ် EP-22015 Electrical Wiring & Illumination ဘာသာရပ်၏လက်တွေ့လုပ်ဆောင်မှုကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့နေ့လည် (၁၂:၀၀) မှ (၄:၀၀) ထိသင်ကြားပေးခဲ့ပါသည်။ အဆိုပါလက်တွေ့လုပ်ဆောင်မှုအား သင်ကြားပေးသူမှာ...

ကျောင်းအုပ်ကြီး၏ နှုတ်ခွန်းဆက်အမှာစကား

မင်္ဂလာပါ… အစိုးရနည်းပညာကောလိပ်(မိုးညှင်း)မှ လှိုက်လှဲနွေးထွေးပျူငှာစွာ ကြိုဆိုလိုက်ပါတယ်။မောင်တို့မယ်တို့ အနေနဲ့ ဒီကျောင်းတော်ကြီးကို ရွေးချယ်တက်ရောက်ခဲ့တဲ့အတွက်လည်း များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဆိတ်ငြိမ်အေးချမ်းပြီး စိမ်းလန်းစိုပြေတဲ့ကျောင်းပုရဝဏ်အတွင်းနည်းပညာဘာသာရပ်တွေကို စာတွေ့၊လက်တွေ့တွေနဲ့တကွတက်ကြွပျော်ရွှင်စွာ စိတ်ပါလက်ပါသင်ကြားနိုင်ကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ မိမိသင်ကြားတက်ရောက်ခဲ့တဲ့ အမိကျောင်းတော်ကြီးကနေအချိန်တန်လို့ကျောင်းပြီးဆုံးသွားတဲ့အခါ မောင်တို့မယ်တို့လေ့လာ ဆည်းပူးခဲ့တဲ့တတ်မြောက်ထားတဲ့ပညာရပ်တွေကို အသုံးချပြီး မိမိအကျိုး၊ အများအကျိုးနဲ့ နိုင်ငံအကျိုးသယ်ပိုးထမ်းရွက်နိုင်ကြလိမ့်မယ်လို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်၊ သဘာဝခေါင်းလျှော်ရည် နှင့် အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်း

ဆပ်ပြာဆီ၊ ဆပ်ပြာမှုန့်၊ လက်သန့်ဆေးရည်၊ သဘာဝခေါင်းလျှော်ရည်နှင့် အလှဖယောင်းတိုင် ပြုလုပ်နည်းသင်တန်းကို (၁.၇.၂၀၂၁) မှ (၄.၇.၂၀၂၁) ရက်နေ့ထိ စာပေဌာနမှ ဆရာမများမှအစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ လူမှုဝန်ထမ်းဦးစီး ဌာန၊ ခရိုင်ထွေအုပ်မှဝန်ထမ်းများနှင့် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)ကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြပါသည်။ ကျောင်းအုပ်ကြီးမှအဖွင့်အမှာစကားပြောကြားခြင်း လုပ်ဆောင်မှုပုံရိပ်များ ဆပ်ပြာဆီပြုလုပ်နေကြပုံ

ကာလတိုအခြေခံကွန်ပျူတာသင်တန်း

ကာလတို အ‌ခြေခံကွန်ပျူတာသင်တန်းကို (၄.၁၂.၂၀၂၁) မှ (၉.၁.၂၀၂၂) အထိအစိုးရနည်းပညာကောလိပ်(မိုးညှင်း)တွင် သုတနည်းပညာဌာနမှဆရာ၊ဆရာမများမှ မြို့နယ်ပြည်သူ့ဆေးရုံဝန်ထမ်းများ၊ ပို့ဆောင်ဆက်သွယ်‌ရေးဝန်ထမ်းများ၊ ပညာရေးဌာနမှဝန်ထမ်းများနှင့် ၁၀တန်းအောင်မြင်ထားသူများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းသားတစ်ဦးမှကျေးဇူးတင်စကားပြောကြားခြင်း သင်တန်းဆင်းလက်မှတ်‌ ပေးအပ်ခြင်း ဆုရရှိသည့်သင်တန်းသူအားဆုချီးမြှင့်ခြင်း

ပညာသင်နှစ် သင်တန်းအလိုက် အောင်မြင်ခဲ့သည့် ကျောင်းသား/သူများ စာရင်း

စဉ် ပညာသင်နှစ် အောင်မြင်သူဦးရေ ကျား မ ပေါင်း ၁ ၂၀၁၅-၂၀၁၆ ၁၈ ၁၄ ၃၂ ၂ ၂၀၁၆-၂၀၁၇ ၁၈ ၁၄ ၃၂ ၃ ၂၀၁၇-၂၀၁၈ ၅၅ ၃၆ ၉၁ ၄ ၂၀၁၈-၂၀၁၉ ၆၈ ၆၃...