Breaking News

၂၀၂၂-၂၀၂၃ပညာသင်နှစ်A.G.T.I(ပထမနှစ်)ဒုတိယနှစ်ဝက်သင်တန်း၊ A.G.T.I(ဒုတိယနှစ်)ဒုတိယနှစ်ဝက်သင်တန်းနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ် A.G.T.I(ဒုတိယနှစ်) ပထမနှစ်ဝက်သင်တန်းများအတွက် စာမေးပွဲအချိန်ဇယားထုတ်ပြန် ကြေညာခြင်း

လူငယ်စကားဝိုင်းကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်လူငယ်စကားဝိုင်းဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့ ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှ မြန်မာစာဆရာမဒေါ်အနန်းခေါန်နှင့် မေဂျာ(၅)မေဂျာမှ ကျောင်းသား (၅)ဦးတို့သည် လူငယ်စကားဝိုင်းနှင့် သက်ဆိုင်သည့် “လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဓိက ကဏ္ဍ(၁၆)ရပ်”တွင် မိမိတို့နှစ်သက်ရာခေါင်းစဉ်(၅)ခုကိုရွေးချယ်ပြီး ဆွေးနွေးခဲ့ကြပါသည်။အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း စာပေဌာနမှူး ဒေါ်သင်းသင်းဌေး အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်မှအဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှူးဒေါ်သင်းသင်းဌေးမှCPU Toolkit ၏လုပ်ဆောင်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ သုတနည်းပညာဌာနမှ ဦးဝင်းမင်းဦးကGTI(Mohnyin)နှင့် CPU Toolkit တို့ဆက်စပ်လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊...

ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် SOPများအားရှင်းလင်းပြောကြားခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၊ ၁၅.၉.၂၀၂၃ရက်၁း၀၀နာရီအချိန်တွင် ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် ဝင်ခွင့်ရွေးချယ်ခြင်းနှင့်ကျောင်းပြောင်းရွေ့ခြင်းကိုကျောင်းသားရေးရာဌာနမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဆောင်ဝင်ခွင့်ရွေးချယ်ရေးသတ်မှတ်ချက်များ၊အဆောင်စည်းကမ်းချက်များ၊ကျောင်းစည်းကမ်းများ၊စာမေးပွဲစနစ်နှင့်စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ၊Industrial Training ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊BE,B-Tech ပေါင်းကူးစနစ်အားရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ လာရောက်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးတို့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ ၁၄.၉.၂၀၂၃တွင် ရောက်ရှိပြီးကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု၊အင်္ဂလိပ်စာစွမ်းရည်သင်ကြားနေမှုနှင့် လက်တွေ့စွမ်းရည်ပြသထားသည့် projectများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။

မိုးရာသီအားကစားပြိုင်ပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၅.၈.၂၀၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပါဝင်သောအားကစားအမျိုးအစားများမှာ စားပွဲတင်တင်းနစ်၊ပိုက်ကျော်ခြင်း၊ဖူဆယ်ဘောလုံးတို့ဖြစ်ပါသည်။ အားကစားပြိုင်ပွဲများကို ၅.၈.၂၀၂၃နေ့မှ ၁၁.၈.၂၀၂၃နေ့ထိ ယှဉ်ပြိုင်ကစားခဲ့ကြပါသည်။ ဖူဆယ်ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ၁၁.၈.၂၀၂၃ နေ့တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၄.၈.၂၀၂၃(ဝါဆိုလပြည့်ကျော်၃ရက်) သောကြာနေ့ နံနက်၀၉:၀၀နာရီတွင် သုံးထပ်ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဓမ္မဥယျာဉ်ကျောင်းတိုက်မှ ဆရာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့်အရာထမ်းများ၊အမှုထမ်းများ၊ကျောင်းသူ/သားများတက်ရောက်ကြည်ညိုကြပါသည်။ ယင်းနောက်ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများမှဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့်...

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်စာပေဟောပြောပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် ၂၈.၇.၂၀၂၃(သောကြာနေ့) ၌ စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ဤ‌ဟောပြောပွဲသို့ မိုးညှင်းမြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဌ ဆရာသီဟလှိုင်(မြရည်နန္ဒာ)နှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူများအားလုံးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကိုနံနက် ၉နာရီမှစတင်ခဲ့ပြီး အခမ်းအနားအစီအစဉ်(၁)အရ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၂)အရ စာရေးဆရာအကြီးကိုကိုမှ "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် စာပေဟောပြော ခဲ့ပါသည်။ ဤသို့ဟောပြောရာတွင် လူငယ်များအတွက်အချိန်နှင့်ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြဖို့နဲ့ပူပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့ အဓိကထားပြီးဟောပြောခဲ့ပါသည်။ဆရာအကြီးကိုကိုမှ...

လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနားလည်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၅ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းခန်းမ၌ ကျင်းပသည်။ ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က အဖွင့်အမှာစကားနှင့်ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူးက လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်းစေမှု၊...

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင်...