Breaking News

၂၀၂၂-၂၀၂၃ ပညာသင်နှစ် (တတိယနှစ်)သင်တန်း၊ ဒုတိယနှစ်ဝက်စာမေးပွဲ အချိန်ဇယားအားကြေငြာခြင်း

၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ A.G.T.I (တတိယနှစ်)သင်တန်း၊ ဒုတိယနှစ်ဝက်စာမေးပွဲ အား (၁၃-၂-၂၀၂၃) ရက်နေ့မှ (၂၂-၂-၂၃) ရက်နေ့အထိ အောက်ပါ အချိန်ဇယားအတိုင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၄)ရက် နံနက်(၈း၀၀)မှ နေ့လည်(၁၂း၃၀)အထိ အားကစားနည်း(၇)မျိုးဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဆရာ/မများကို ကောက်ညှင်းပေါင်းနှင့် အကြော်တည်ခင်းကျွေးမွေးခဲ့ပါသည်။ အဆိုပါကျင်းပရာတွင် ကျောင်းသား/သူများအားကာယ ဉာဏစွမ်းအား ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/မများ၏ ဦးဆောင်မှုဖြင့် ပူစီပေါင်းထိုင်ကွဲပြေး၊...