Civilဌာနမှမိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်Auto CAD သင်တန်းသွားရောက်သင်ကြား ပို့ချခြင်း
သင်တန်းဖွင့်ပွဲတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးသောင်း ထိုက်ကဝန်ထမ်းများလုပ်ငန်းခွင်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်ပိုမိုကျွမ်းကျင်မှုရှိပြီး အဆင်ပြေချောမွေ့စေရန်နှင့်စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍အဆိုပါသင်တန်း ဖွင့်လစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးအစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)မှမြို့ပြဌာနမှူးတွဲဖက် ပါမောက္ခဒေါ်ဥမ္မာသန်းကသင်တန်းတွင်သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ရှင်းလင်း တင်ပြပြီးနောက်သင်တန်းအားဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်းသိရပါသည်။အဆိုပါသင်တန်းကိုဖေဖော်ဝါရီလ(၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ(၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။