Breaking News

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်စာပေဟောပြောပွဲကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် ၂၈.၇.၂၀၂၃(သောကြာနေ့) ၌ စာပေဟောပြောပွဲ ကျင်းပခဲ့ပါသည်။ ဤ‌ဟောပြောပွဲသို့ မိုးညှင်းမြို့နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဌ ဆရာသီဟလှိုင်(မြရည်နန္ဒာ)နှင့်ဆရာ/ဆရာမများ၊ကျောင်းသား/သူများအားလုံးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားကိုနံနက် ၉နာရီမှစတင်ခဲ့ပြီး အခမ်းအနားအစီအစဉ်(၁)အရ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၂)အရ စာရေးဆရာအကြီးကိုကိုမှ "အနာဂတ်အတွက်စာဖတ်ပါ" ခေါင်းစဉ်ဖြင့် စာပေဟောပြော ခဲ့ပါသည်။ ဤသို့ဟောပြောရာတွင် လူငယ်များအတွက်အချိန်နှင့်ကိုယ်ကျင့်တရားကို တန်ဖိုးထားတတ်ကြဖို့နဲ့ပူပေါင်းဆောင်ရွက်မှုအားကောင်းစေဖို့ အဓိကထားပြီးဟောပြောခဲ့ပါသည်။ဆရာအကြီးကိုကိုမှ...