ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၄.၈.၂၀၂၃(ဝါဆိုလပြည့်ကျော်၃ရက်) သောကြာနေ့ နံနက်၀၉:၀၀နာရီတွင် သုံးထပ်ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ဓမ္မဥယျာဉ်ကျောင်းတိုက်မှ ဆရာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့်အရာထမ်းများ၊အမှုထမ်းများ၊ကျောင်းသူ/သားများတက်ရောက်ကြည်ညိုကြပါသည်။ ယင်းနောက်ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများမှဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။ အခမ်းအနားအပြီးတွင် ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့်...