Breaking News

၂၀၂၂-၂၀၂၃ပညာသင်နှစ်A.G.T.I(ပထမနှစ်)ဒုတိယနှစ်ဝက်သင်တန်း၊ A.G.T.I(ဒုတိယနှစ်)ဒုတိယနှစ်ဝက်သင်တန်းနှင့်၂၀၂၃-၂၀၂၄ ပညာသင်နှစ် A.G.T.I(ဒုတိယနှစ်) ပထမနှစ်ဝက်သင်တန်းများအတွက် စာမေးပွဲအချိန်ဇယားထုတ်ပြန် ကြေညာခြင်း

လူငယ်စကားဝိုင်းကျင်းပခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်လူငယ်စကားဝိုင်းဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့ ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှ မြန်မာစာဆရာမဒေါ်အနန်းခေါန်နှင့် မေဂျာ(၅)မေဂျာမှ ကျောင်းသား (၅)ဦးတို့သည် လူငယ်စကားဝိုင်းနှင့် သက်ဆိုင်သည့် “လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဓိက ကဏ္ဍ(၁၆)ရပ်”တွင် မိမိတို့နှစ်သက်ရာခေါင်းစဉ်(၅)ခုကိုရွေးချယ်ပြီး ဆွေးနွေးခဲ့ကြပါသည်။အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း စာပေဌာနမှူး ဒေါ်သင်းသင်းဌေး အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်မှအဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှူးဒေါ်သင်းသင်းဌေးမှCPU Toolkit ၏လုပ်ဆောင်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ သုတနည်းပညာဌာနမှ ဦးဝင်းမင်းဦးကGTI(Mohnyin)နှင့် CPU Toolkit တို့ဆက်စပ်လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊...

ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် SOPများအားရှင်းလင်းပြောကြားခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၊ ၁၅.၉.၂၀၂၃ရက်၁း၀၀နာရီအချိန်တွင် ကျောင်းသား/သူများနှင့်သက်ဆိုင်သည့် ဝင်ခွင့်ရွေးချယ်ခြင်းနှင့်ကျောင်းပြောင်းရွေ့ခြင်းကိုကျောင်းသားရေးရာဌာနမှူးမှ ရှင်းလင်းပြောကြားခဲ့ပါသည်။ထို့နောက်ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဆောင်ဝင်ခွင့်ရွေးချယ်ရေးသတ်မှတ်ချက်များ၊အဆောင်စည်းကမ်းချက်များ၊ကျောင်းစည်းကမ်းများ၊စာမေးပွဲစနစ်နှင့်စာမေးပွဲဆိုင်ရာစည်းကမ်းချက်များ၊Industrial Training ဆောင်ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊BE,B-Tech ပေါင်းကူးစနစ်အားရှင်းလင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ လာရောက်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးတို့သည် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သို့ ၁၄.၉.၂၀၂၃တွင် ရောက်ရှိပြီးကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု၊အင်္ဂလိပ်စာစွမ်းရည်သင်ကြားနေမှုနှင့် လက်တွေ့စွမ်းရည်ပြသထားသည့် projectများကိုလှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။