
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာကောလိပ် (မိုးညှင်း) ရှိလျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် A.G.T.I ဒုတိယနှစ် EP-22015 Electrical Wiring & Illumination ဘာသာရပ်၏လက်တွေ့လုပ်ဆောင်မှုကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့နေ့လည် (၁၂:၀၀) မှ (၄:၀၀) ထိသင်ကြားပေးခဲ့ပါသည်။ အဆိုပါလက်တွေ့လုပ်ဆောင်မှုအား သင်ကြားပေးသူမှာ ဆရာမဒေါ်နုနုလွင်ဖြစ်ပါသည်။
အဆိုပါလက်တွေ့လုပ်ဆောင်မှုမှာသုံးထပ်ပြားပေါ်တွင် trunking သို့မဟုတ်ပီဗီစီ ပိုက်ကိုအသုံးပြု၍မီးလင်းစေခြင်းနှင့်စွမ်းအားပေးခြင်းကိုခွဲခြားတပ်ဆင်ခြင်းဖြစ်ပါသည်။ မီးလင်းမှုနှင့်စွမ်းအားလျှပ်စစ်တွင်အသုံးပြုသောဝါယာအရွယ်အစား ကိုမှန်ကန်စွာရွေးချယ်တတ်စေရန်နှင့်မီးဖြတ်စက်၏အမ်ပီယာပမာဏကိုမှန်ကန်စွာ အသုံးချတတ်စေရန်သင်ကြားပေးပါသည်။