
ကချင်ပြည်နယ် မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၄)ရက် နံနက်(၈း၀၀)မှ နေ့လည်(၁၂း၃၀)အထိ အားကစားနည်း(၇)မျိုးဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဆရာ/မများကို ကောက်ညှင်းပေါင်းနှင့် အကြော်တည်ခင်းကျွေးမွေးခဲ့ပါသည်။ အဆိုပါကျင်းပရာတွင် ကျောင်းသား/သူများအားကာယ ဉာဏစွမ်းအား ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/မများ၏ ဦးဆောင်မှုဖြင့် ပူစီပေါင်းထိုင်ကွဲပြေး၊ မုန့်စားပြိုင်ပွဲ၊ ဖယောင်းတိုင်မီးထွန်းပြေး၊ ဆန်ကောရွက်ပြေး၊ မီတာ(၁၀၀)ပြေး၊ အပ်နဖားထိုးပြေးနှင့် သံပုံးရိုက်ပြိုင်ပွဲများကို ကျောင်းသား/သူများက ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့်ကျောင်းသား/သူများကို ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

