Breaking News

ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း

Views: 175
0 0

ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ မွန်းလွဲ (၂) နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ(မိုးညှင်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်က မိုးညှင်းခရိုင်သည် ငလျင်ဘေးပြင်းထန်ဇုန်တွင် ကျရောက်နေတာဖြစ်သည့်အတွက် ငလျင်ဘေးဖြစ်ပွားလာပါက ထိရောက်မြန်ဆန်စွာ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးလာစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့ လိုအပ်မည်ဖြစ်ကြောင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလဖိုင်ဇော်ဂေါင်က ယခုလို ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ခြင်းဖြင့် ဆောင်ရန် ရှောင်ရန်အချက်များ၊ အသိပညာရပ်များ သိရှိပြန့်ပွားသွားစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်ဖြစ်ပွားကြောင်း အချက်ပြ ဥဩသံပေးခြင်း၊ စာသင်ခန်းများအတွင်းရှိ ကျောင်းသား ကျောင်းသူများမှ တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း၊ စာသင်ခန်းများတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ ကယ်ဆယ်လာသူများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ရှေးဦးပြုစုခြင်းဆိုင်ရာ အရေးပေါ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပျောက်ဆုံးမှုရှိ/မရှိ ရှာဖွေစစ်ဆေးခြင်းများကို ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်