Breaking News

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

Views: 124
0 0

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ပါသည်။

ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးကြမည့် ပျိုးပင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်က အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း) ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့် ထံလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက ကျောင်းသားကျောင်းသူများထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။

ထို့နောက် သစ်ပင်စိုက်ပျိုးကြရာတွင် တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ကိုကိုဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက အမြင့်နှစ်ပေအထက်ရှိသော ကျွန်းပင် (၅၀)၊ ပျဉ်းကတိုးပင် (၅၀)၊ ခရေပင် (၅၀)၊ မျောက်ငိုပင် (၅၀)၊ မန်ဂျာရှားပင် (၅၀)နှင့် ကံ့ကော်ပင် (၅၀) စုစုပေါင်းပျိုးပင် (၃၀၀)တို့ကို သတ်မှတ်နေရာများတွင် တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်