
လူကုန်ကူးမှုနှင့်ပတ်သက်သည့်အကြောင်းအရာများအား သိရှိနားလည်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုလျော့ကျစေရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၅ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်းခန်းမ၌ ကျင်းပသည်။
ဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ကျောင်း၏ ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်က အဖွင့်အမှာစကားနှင့်ဟောပြောပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်အား ပြောကြားပြီး အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(မိုးညှင်း)မှ တပ်ဖွဲ့စိတ်မှူးက လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ သက်ငယ်မုဒိမ်းမှုနှင့် တရားမဝင်အလုပ်သမားခိုင်းစေမှု၊ အလုပ်သမား/အလုပ်ရှင်ကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပအလုပ်အကိုင်ဆိုင်ရာ သိကောင်းစရာများ အွန်လိုင်းအသုံးပြု၍ ပြည်တွင်း/ပြည်ပတွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးခေါ်ယူခြင်းခံရမှုအပေါ် လူကုန်ကူးခြင်းခံရနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို Power Pointဖြင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်းသိရသည်။