Breaking News

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပခြင်း

Views: 109
0 0

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)၏ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၄.၈.၂၀၂၃(ဝါဆိုလပြည့်ကျော်၃ရက်) သောကြာနေ့ နံနက်၀၉:၀၀နာရီတွင် သုံးထပ်ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဓမ္မဥယျာဉ်ကျောင်းတိုက်မှ ဆရာတော် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့်အရာထမ်းများ၊အမှုထမ်းများ၊ကျောင်းသူ/သားများတက်ရောက်ကြည်ညိုကြပါသည်။

ယင်းနောက်ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/သူများမှဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပါသည်။

အခမ်းအနားအပြီးတွင် ကျောင်းအုပ်ကြီး ဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/ဆရာမများမှ ကြွရောက်တော်မူကြ သည့် ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။

တရားနာယူကြည်ညိုခြင်း

ဆရာတော်၊ သံဃာတော်များထံဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခြင်း

ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်