Breaking News

လူငယ်စကားဝိုင်းကျင်းပခြင်း

Views: 118
0 0

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်လူငယ်စကားဝိုင်းဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့ ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင်ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့် မှအဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှ မြန်မာစာဆရာမဒေါ်အနန်းခေါန်နှင့် မေဂျာ(၅)မေဂျာမှ ကျောင်းသား (၅)ဦးတို့သည် လူငယ်စကားဝိုင်းနှင့် သက်ဆိုင်သည့် “လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဓိက ကဏ္ဍ(၁၆)ရပ်”တွင် မိမိတို့နှစ်သက်ရာခေါင်းစဉ်(၅)ခုကိုရွေးချယ်ပြီး ဆွေးနွေးခဲ့ကြပါသည်။အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းအုပ်ဆရာကြီး၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်