ဝင်ခွင့်လျှောက်ထားသူများ လိုက်နာရမည့်သတ်မှတ်ချက်များ
လျှောက်ထားသူသည်
- နည်းပညာနှင့်သက်မွေးပညာလုပ်ငန်းသဘာဝအရကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့်စက်ရုံ/ကုမ္ပဏီများသို့ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
- တက္ကသိုလ်ဝင်စာမေးပွဲတွင်သင်္ချာ၊ဓာတုဗေဒ၊ရူပဗေဒဘာသာတွဲများပါဝင်သော မည်သည့်ဘာသာတွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
- တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည့်အင်္ဂလိပ်စာနှင့်သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ရွေးချယ်မည်ဖြစ်သည်။
ဝင်ခွင့်လျှောက်ထားရန် လိုအပ်ချက်များ
- လျှောက်ထားသူကျောင်းသား/သူနှင့်မိဘများ၏နိုင်ငံသားစိစစ်ရေးကတ်ပြား(မိတ္တူ)။
- ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း။
- သက်ဆိုင်ရာမှတရားဝင်ထုတ်ပေးထားသောတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်း(မူရင်း)။
- သက်ဆိုင်ရာမှတရာဝင်ထုတ်ပေးထားသောတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အောင်လက်မှတ်(မိတ္တူ)။(တိုက်ရိုက်စစ်ဆေးရန် မူရင်းယူဆောင်လာရမည်)
- လျှောက်ထားသူ၏အမည်ပါရှိသောအိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။
- လျှောက်ထားသူကျောင်းသား/သူများနေထိုင်ရာဒေသသက်ဆိုင်ရာနယ်မြေရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာမူရင်း။
- လျှောက်ထားသူကျောင်းသား/သူများနေထိုင်ရာဒေသသက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ မူရင်း။
- ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ(၃)ပုံ။
ဝင်ခွင့်ဖောင်များကို ရယူရန်