Breaking News

နောက်ခံသမိုင်းကြောင်း


အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက် အနီးတွင်တည်ရှိ၍ အကျယ်အဝန်းဧရိယာ(၅၁.၃၉၉)ဧက ကျယ်ဝန်းပါသည်။ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း) အဖြစ်စတင်တည် ထောင်ခဲ့ပါသည်။ ထို့နောက် ၂၀၀၇ခုနှစ်၊ ဇန်နဝါရီလ၂၀ရက်နေ့တွင် အစိုးရနည်းပညာကောလိပ်(မိုးညှင်း)အဖြစ် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၃-၂၀၁၄ပညာသင်နှစ်မှစတင်၍ A.G.T.Iသင်တန်းများကိုယခုအချိန်ထိ ဖွင့်လှစ်ပေးလျှက်ရှိပါသည်။ ၂၀၁၇-၂၀၁၈ပညာသင်နှစ်အထိBEဘွဲ့ရများကို နောက်ဆုံးမွေးထုတ်ပေးခဲ့ပါသည်။ ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော ကာလတိုသင်တန်းများကိုလည်းနှစ်စဉ်သင်ကြားပေးလျှက်ရှိပါသည်။
၂၀၂၂ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)ဟုပြောင်းလဲသတ်မှတ်ခဲ့ပါသည်။

  • ဆရာ၊ဆရာမများစွမ်းဆောင်ရည်ပိုမိုမြှင့်တက်လာစေရေးအတွက်စဉ်ဆက်မပြတ်ကိုယ်တိုင်လေ့လာ အားထုတ်တတ်စေရန်။
  • ကျောင်းသား၊ကျောင်းသူများအား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် အတွေးအခေါ်စိတ်ကူးစိတ်သန်းများ ဖြစ်ပေါ်လာအောင်သင်ကြားပေးရန်။
  • စာတွေ့လက်တွေ့ကျွမ်းကျင်ပြီး ‌ဒေသလိုအပ်ချက်နှင့်ကိုက်ညီသောလုပ်သားများ မွေးထုတ်ပေးရန်။
  • ဒေသလိုအပ်ချက်အရ ကာလတိုသင်တန်းများဖွင့်လှစ်ပေးနိုင်ရန်။
  • အသိပညာဗဟုသုတနှင့်စွမ်းဆောင်ရည်ပြည့်ဝပြီးအကျင့်စာရိတ္တကောင်းမွန်သောကျောင်းသား၊ကျောင်းသူများစဉ်ဆက်မပြတ်ပြုစုပျိုးထောင်ပေးရန်။
  • လုပ်သားဈေးကွက်အတွက်လိုအပ်သောအရည်အချင်းပြည့်ဝသည့် နည်းပညာရှင်များကို မွေးထုတ်ပေးရန်။

စဉ်
အမည်
ဘွဲ့
ခုနှစ်
ဦးမောင်မောင်သန့် ME (Mech) ၅.၁၂.၂၀၀၃-၅.၅.၂၀၀၄
ဦးမောင်မောင်သက်နိုင်ထွန်း ME (Mech) ၆.၅.၂၀၀၄-၁၃.၂.၂၀၀၅
ဦးမင်းမင်းထွန်း ME (Mech) ၁၄.၂.၂၀၀၅-၃၀.၆.၂၀၀၇
ဒေါက်တာရိုဆန် Ph.D(EC) ၁.၇.၂၀၀၇-၁.၁၀.၂၀၀၈
ဒေါက်တာနေဝင်းဇော် Ph.D(EC) ၂.၁၀.၂၀၀၈-၃.၆.၂၀၀၉
ဒေါက်တာမြင့်သိန်း Ph.D(EP) ၄.၆.၂၀၀၉-၂၇.၁၂.၂၀၀၉
ဒေါက်တာစိုးမိုးဦးPh.D(IT) ၂၈.၁၂.၂၀၀၉-၁၆.၇.၂၀၁၂
ဒေါက်တာဖြိုးမြင့်သူ Ph.D(Mech) ၁၇.၇.၂၀၁၂-၃၀.၉.၂၀၁၉
ဒေါက်တာကျော့ကျော့ရီ Ph.D(EC)၁.၁၀.၂၀၁၉-၁၄.၃.၂၀၂၁
၁၀
ဒေါက်တာကျော်ကျော်မြင့် Ph.D(Mech) ၁၅.၃.၂၀၂၁-ယနေ့ထိ