Breaking News

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် မြို့နယ်သစ်တောဦးစီးဌာန၏ အစီအစဉ်ဖြင့် ၂၀၂၃ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်(၈)နာရီက ကျင်းပခဲ့ပါသည်။ ထိုသို့ စိုက်ပျိုးရာတွင် ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးခြင်းမှ ကာကွယ်စေရန်နှင့် လေကောင်းလေသန့်များ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ နှစ်စဉ်သစ်ပင်စိုက်ပျိုးပွဲကို ကျင်းပလျက်ရှိရာ အဆိုပါ အခမ်းအနားတွင်...

ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်း

ခရိုင်အဆင့် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ မွန်းလွဲ (၂) နာရီက အစိုးရစက်မှုလက်မှု သိပ္ပံ(မိုးညှင်း)၌ ကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညီညီလွင်က မိုးညှင်းခရိုင်သည် ငလျင်ဘေးပြင်းထန်ဇုန်တွင် ကျရောက်နေတာဖြစ်သည့်အတွက် ငလျင်ဘေးဖြစ်ပွားလာပါက ထိရောက်မြန်ဆန်စွာ အရေးပေါ်တုံ့ပြန်နိုင်ရေးနှင့် ပျက်စီးဆုံးရှုံးမှုများ နည်းပါးလာစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိဖို့...

Civilဌာနမှမိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်Auto CAD သင်တန်းသွားရောက်သင်ကြား ပို့ချခြင်း

သင်တန်းဖွင့်ပွဲတွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးသောင်း ထိုက်ကဝန်ထမ်းများလုပ်ငန်းခွင်အတွင်းလုပ်ငန်းများဆောင်ရွက်ရာတွင်ပိုမိုကျွမ်းကျင်မှုရှိပြီး အဆင်ပြေချောမွေ့စေရန်နှင့်စွမ်းဆောင်ရည်မြှင့်မားလာစေရန်ရည်ရွယ်၍အဆိုပါသင်တန်း ဖွင့်လစ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးအစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)မှမြို့ပြဌာနမှူးတွဲဖက် ပါမောက္ခဒေါ်ဥမ္မာသန်းကသင်တန်းတွင်သင်ကြားမည့်ဘာသာရပ်များနှင့်ပတ်သက်၍ရှင်းလင်း တင်ပြပြီးနောက်သင်တန်းအားဆက်လက်သင်ကြားပို့ချပေးခဲ့ကြောင်းသိရပါသည်။အဆိုပါသင်တန်းကိုဖေဖော်ဝါရီလ(၂)ရက်နေ့မှ(၁၆)ရက်နေ့အထိ(၁၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် (တတိယနှစ်)သင်တန်း၊ ဒုတိယနှစ်ဝက်စာမေးပွဲ အချိန်ဇယားအားကြေငြာခြင်း

၂၀၂၂-၂၀၂၃ ခု၊ ပညာသင်နှစ် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံများ၏ A.G.T.I (တတိယနှစ်)သင်တန်း၊ ဒုတိယနှစ်ဝက်စာမေးပွဲ အား (၁၃-၂-၂၀၂၃) ရက်နေ့မှ (၂၂-၂-၂၃) ရက်နေ့အထိ အောက်ပါ အချိန်ဇယားအတိုင်း ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။

၇၅နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပခြင်း

ကချင်ပြည်နယ် မိုးညှင်းခရိုင် အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင် ၇၅နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကို ဇန်နဝါရီလ(၄)ရက် နံနက်(၈း၀၀)မှ နေ့လည်(၁၂း၃၀)အထိ အားကစားနည်း(၇)မျိုးဖြင့် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်ကျောင်းသား/သူများနှင့် ဆရာ/မများကို ကောက်ညှင်းပေါင်းနှင့် အကြော်တည်ခင်းကျွေးမွေးခဲ့ပါသည်။ အဆိုပါကျင်းပရာတွင် ကျောင်းသား/သူများအားကာယ ဉာဏစွမ်းအား ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးဒေါက်တာကျော်ကျော်မြင့်နှင့် ဆရာ/မများ၏ ဦးဆောင်မှုဖြင့် ပူစီပေါင်းထိုင်ကွဲပြေး၊...

အခြေခံ Networkingသင်တန်း

အခြေခံNetworkingသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း)၊ သုတနည်းပညာဌာနတွင် (၁၀.၁၂.၂၀၂၂ မှ ၃၁.၁၂.၂၀၂၂)ထိ (၄၂)နာရီကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။အဆိုပါသင်တန်းတွင် (၁) How to implement Cat-6 cable using crimping tool (၂) IP Addressing and Subnetting (၃) Router...

အဲကွန်းပြုပြင်ထိန်းသိမ်းခြင်းသင်တန်း

အဲကွန်းပြုပြင်ထိန်းသိမ်းခြင်းကာလတိုသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (မိုးညှင်း) တွင် စက်မှုအင်ဂျင်နီယာဌာနမှ ဆရာ၊ဆရာမများက (၃-၁၂-၂၀၂၂ မှ ၃၁-၁၂-၂၀၂၂)ထိနာရီပေါင်း(၃၆) နာရီဖြင့် သင်တန်းသား ၁၂ဦးကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ သင်တန်းသားများအနေဖြင့် မိမိတို့အိမ်နှင့်လုပ်ငန်းခွင်များတွင် အသုံးပြုလျက်ရှိသော အဲကွန်းများကိုမိမိတို့ကိုယ်တိုင် တပ်ဆင်နိုင်ပြီး ပြုပြင်ထိန်းသိမ်းတတ်သွားမည်ဖြစ်ပါသည်။