Breaking News

အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခြင်း

Views: 147
0 0
ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ကျော်မြင့်မှ အဖွင့်အမှာစကားပြောကြားခြင်း
စာပေဌာနမှူး ဒေါ်သင်းသင်းဌေး

အစိုးရစက်မှုလက်မှုသိပ္ပံ(မိုးညှင်း)တွင်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၁.၉.၂၀၂၃) ကြာသပတေးနေ့၌ ပြုလုပ်ကျင်းပခဲ့ပါသည်။အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်မှအဂတိလိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာနှင့်သက်ဆိုင်သည့် အကြောင်းအရာများကိုအဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ဆက်လက်၍ စာပေဌာနမှူးဒေါ်သင်းသင်းဌေးမှCPU Toolkit ၏လုပ်ဆောင်ချက်များကိုရှင်းလင်းပြောကြားခြင်း၊ သုတနည်းပညာဌာနမှ ဦးဝင်းမင်းဦးကGTI(Mohnyin)နှင့် CPU Toolkit တို့ဆက်စပ်လုပ်ဆောင်နေသည့် ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ ဟောပြောပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများအား အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကိုဖြန့်ဝေပေးခဲ့ပါသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်